ISPE အသင်းမှ ဂိုးသမား ချစ်မင်းထွေး AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုရရှိ

February 17, 2025

Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20)ပွဲစဉ်တစ်ပွဲအဖြစ် ဖေဖော်ဝါရီ ၁၆ရက် ယနေ့ညနေက သုဝဏ္ဏဘောလုံးကွင်း၌ ISPE အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို ISPE အသင်းမှ ဂိုးသမား ချစ်မင်းထွေးက ရရှိခဲ့သည်။

ISPEအသင်းနှင့်ဟံသာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေရလဒ်နှင့်သာပြီးဆုံးခဲ့ပြီး ချစ်မင်းထွေးသည် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

အကောင်းဆုံးကစားသမားဆုအတွက် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ်သုံးသိန်းရရှိခဲ့ပြီး AYA Pay Man of the Match အထိမ်းအမှတ်ဆုတံဆိပ်နှင့်ဆုငွေကျပ်သုံးသိန်းကို အာရှလက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ဦးတင်အောင်က ချီးမြှင့်ပေးခဲ့သည်။