Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-21) ပွဲစဉ်တစ်ပွဲ အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်(ယနေ့)၊ ညနေက သုဝဏ္ဏကွင်း၌ ISPE အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို သစ္စာအားမာန်အသင်း တိုက်စစ်မှူး ရှိုင်းဝဏ္ဏအောင်က ရရှိခဲ့ သည်။
ISPE အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ပွဲတွင် သစ္စာအားမာန်အသင်းက ငါးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် သစ္စာအားမာန်အသင်း တိုက်စစ်မှူး ရှိုင်းဝဏ္ဏအောင် (ကျောနံပါတ်-၁၆)သည် ခြေစွမ်းပြနိုင်သည့်အပြင် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

ရှိုင်းဝဏ္ဏအောင်သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို သစ္စာအားမာန်အသင်း ဒုတိယဥက္ကဋ္ဌ(၁) ဦးရဲမင်းသူက ချီးမြှင့် ပေးခဲ့သည်။
Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။
