ကစားပြီးခဲ့သည့် Myanmar National League 2024-25 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-19) ပွဲစဉ်များတွင် သစ္စာအားမာန်အသင်း၊ မဟာယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြပြီး ဟံသာဝတီယူနိုက်တက်အသင်း၊ ဒဂုံစတားယူနိုက်တက်အသင်းတို့သည် နိုင်ပွဲ ဆက်လက်ပျောက်ဆုံးခဲ့သည်။

သစ္စာအားမာန်အသင်းသည် ဒဂုံပေါ့အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့်လည်းကောင်း၊ မဟာယူနိုက်တက်အသင်းသည် မြဝတီအသင်းကို ၄-၁ ဂိုးဖြင့်လည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်းသည် ရခိုင်ယူနိုက်တက်အသင်းကို ၃-၀ ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်ယူနိုက်တက်အသင်းသည် ဧရာဝတီယူနိုက်တက်အသင်းကို လေးဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ရတနာပုံအသင်းသည် ဒဂုံစတားယူနိုက်တက်အသင်းကို ၄-၂ ဂိုးဖြင့် လည်းကောင်း အသီးသီး အနိုင်ရခဲ့ကြသည်။ ISPE အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ပွဲစဉ်သည် ဂိုးမရှိ သရေကျခဲ့ပြီး ယခုတစ်ပတ်တွင် မဟာယူနိုက်တက်အသင်းကို ရှုံးခဲ့သည့် မြဝတီအသင်းသည် လာမည့်ရာသီတွင် မြန်မာနေရှင်နယ်လိဂ်-၂ သို့ တန်းဆင်းခဲ့ရသည်။
ရတနာပုံအသင်းကို ရှုံးနိမ့်ခဲ့သည့် ဒဂုံစတားယူနိုက်တက်အသင်းသည် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။

Myanmar National League 2024/25
Week-20
Dagon Port 1-2 Thitsar Arman
Aung Tun Tun 17′
Min Maw Oo 45+1′
Michel 34′(DGP)
Mahar United 4-1 Myawady
Thiha Aung – 37’(Myawady)
Kaung Myat Thu – 38’
Kyaw Swar Min – 47′
Patrick – 52′
Nay Lin Soe – 57’
ISPE 0-0 Hantharwady Utd
Shan United 3 – 0 Rakhine United
Thet Hein Soe (45+1′)
Bakayoko (73′)
Ryuji (85′)
Ayeyawady UTD 0-4Yangon UTD
Oakkar Naing 5′
Zaw Win Thein 48′
Yan Kyaw Htwe 60′
Aee Soe 70′
(Week-20)
Yadanarbon 4-2 Dagon Star Utd
Pyae Moe – 42′,90+2′
Ti Nyain Min – 57′
Arkar – 90+4′
Maung Maung Win – 46′(Dagon Star Utd)
Nyein Chan – 78′(Dagon Star Utd)

