AYA Pay အကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး Rintaro Hama ရရှိ

August 18, 2025

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-1) ပွဲစဉ် တစ်ပွဲ အဖြစ် ဩဂုတ် ၁၇ ရက်(ယနေ့)၊ ညနေက YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး Rintaro Hama က ရရှိခဲ့ သည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး Rintaro Hama သည် အကောင်းဆုံး ခြေစွမ်းပြခဲ့သည့် အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။
Rintaro Hama သည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် သုံးသိန်း ရရှိခဲ့ပြီး ဆု တံဆိပ်နှင့် ဆုငွေကျပ်တို့ကို ပြိုင်ပွဲကြီးကြပ် ဦးအောင်အောင်မျိုးက ချီးမြှင့် ပေးခဲ့သည်။
Man of the Match အကောင်းဆုံးကစားသမားဆု ချီးမြှင့်ခြင်းအစီအစဉ်ကို မြန်မာ နေရှင်နယ်လိဂ်၏ Payment Partner ဖြစ်သည့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထား ခြင်းဖြစ်သည်။