ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ၂၀၂၅ ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (ASEAN MSIG Serenity Cup 2025)တွင် မြန်မာအမျိုးသမီးအသင်းသည် ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့ပါသည်။

ဗိုလ်လုပွဲတွင် ဩစတြေးလျ ယူ-၂၃ အမျိုးသမီးအသင်းနှင့် တွေ့ဆုံခဲ့ရာ တစ်ဂိုး၊ ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။
သို့သော် ယခုပြိုင်ပွဲတွင် မြန်မာအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းက သွင်းဂိုး ၇ ဂိုးဖြင့် ပြိုင်ပွဲတလျောက်သွင်းဂိုးအများဆုံး ကစားသမားဆုရရှိပြီး ပြိုင်တလျောက်အကောင်းဆုံးဂိုးသမားဆုကို မြန်မာအသင်းမှ မျိုးမြမြညိမ်းက ရရှိခဲ့သည်။
မြန်မာအသင်းသည် ယခုပြိုင်ပွဲတွင် ၂၀၀၄၊ ၂၀၀၇ ခုနှစ်ပြိုင်ပွဲများတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၅ များတွင် ဒုတိယရရှိခဲ့သည်။

